နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အာရှ ဥရောပ

ရုရှားတွင်ဝါဂနာ အုံကြွမှုအပြီး မငြိမ်မသက်မှုကို တရုတ်က စိုးရိမ်

ရုရှားတွင်ဝါဂနာ အုံကြွမှုအပြီး ရုရှားမငြိမ်မသက်မှုကို တရုတ်က စိုးရိမ်ကြောက်လန့်ခဲ့သည်။

အုံကြွမှုသည် ပူတင်အား အားပျော့စေခဲ့ပြီး နောက်ထပ် သောင်းကျန်းမှုများ ဖြစ်ပေါ်စေနိုင်သောကြောင့် ဘေဂျင်းအတွက် သတိပေး နှိုးဆော်လိုက်သလိုဖြစ်စေခဲ့သည်။

ဇွန်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကွာလာလမ်ပူ –

ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန်သည် လွန်ခဲ့သည့်လက ကိယက်ဗ်မြို့ရှိ စစ်အတွင်းကြွေလွင့်သွားသော သူရဲကောင်းများ အထိမ်းအမှတ် နံရံတွင် လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။

ထိုအခန်းအနားမျိုးကို နိုင်ငံခြားဧည့်သည်များ လာရောက်စဉ် ပြုလုပ်နေကြ အခန်းအနားတခုဖြစ်သည်။ ၎င်း၏ နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်တွင် ဘီဘီစီနှင့် အခြားမီဒီယာများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အရပ်သားနှင့် စစ်သုံ့ပန်း ၁၀၀၀ ကျော် သေဆုံးခဲ့သည့် မြို့တော်အနီးရှိ ဘူချာ(Bucha) သို့ သွားရောက်လေ့လာမှုကဲ့သို့ သောလေ့လာမှုကိုလည်း ပစ်ပယ်ခဲ့သည်။ ယင်းအစား သူသည် ယူကရိန်း ထိပ်တန်းအရာရှိများနှင့် သမ္မတ ဗလာဒီမာဇလန်းစကီး တို့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက်သာ ဦးတည်သွားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့အာဏာကို ချုပ်ကိုင်ထားနိုင်မလားဆိုတာ တရုတ်က အဲဒီအချိန်က စိုးရိမ်နေပြီလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ယူကရိန်း အကြီးတန်းအရာရှိတဦးက Nikkei Asia ကို ပြောပါတယ်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်၏ အကန့်အသတ်ဖြင့် အောင်မြင်မှုသည် ရုရှားတွင် မတည်မငြိမ်ဖြစ်မှုကို ဖြစ်စေနိုင်သောကြောင့် ကိဗ်သည် ၎င်း၏ တန်ပြန်ထိုးစစ်ကို မည်ကဲ့သို့ တွန်းအားပေးရန် စိတ်ပိုင်းဖြတ်ထားသည်ကို ကြည့်ရှုရန်အတွက် တရုတ်သံတမာန်လာရောက်သည့် ခရီးစဉ်သည် ကင်းထောက်မစ်ရှင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ စစ်တပ်၊ ချက်ချင်၊ ဝက်ဂနာ၊ FSB [ရုရှားဖက်ဒရယ်လုံခြုံရေးဌာန]တို့အကြားတိုက်ခိုက်မှုတွေဖြစ်ပြီးရုရှားမှာ အလုံးစုံသော ပရမ်းပတာ အခြေအနေ ဖြစ်လာနိုင်သည်။ ဤသည်မှာတရုတ်၏အကြီးမားဆုံးစိုးရိမ် ကြောက်ရွံ့မှုဖြစ်သည်။” ဝက်ဂနာ အရံလက်နက်ကိုင်အဖွဲ့၏ သီတင်းပတ်ကုန်က သူပုန်ထမှုကြောင့် တရုတ်နိုင်ငံ၏ စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဝက်ဂနာ ၏ ပုန်ကန်မှု၏ အခြေအနေတစ်ခုလုံးသည် “ တရုတ်အတွက် စိတ်ပျက်စရာဖြစ်နေသည်မှာ ထင်ရှားသည်” ဟု ဂျာမဏီ Marshall Fund ၏ Indo-Pacific အစီအစဉ်မှ အကြီးတန်းလေ့လာသူ အင်ဒရူး စမော်လ် က ပြောကြားခဲ့သည်။

“ ရုရှားပြည်တွင်းမငြိမ်မသက်မှုများသည် ပေကျင်းအတွက် အဆိုးရွားဆုံးဖြစ်နိုင်ချေရှိသော အခြေအနေများထဲမှ တစ်ခုဖြစ်နိုင်ပြီး မော်စကိုတွင် အာဏာ အပြောင်း အရွေ့များ(ပါဝါဒိုင်းနမစ်များ) အခြေအနေကို ကောင်းမွန်စွာ သိရှိ နားမလည် နိုင်မည့် စိုးရိမ်မှုများလည်းရှိလိမ့်မည်” ဟု “ No Limits: The Inside Story of China’s” ကို ရေးသားသူ Small က ပြောကြားခဲ့သည်။ လက်ရှိအချိန်မှာတော့ အနောက်နိုင်ငံတွေနဲ့ စစ်ဖြစ်တယ်။” Small က တရုတ်နိုင်ငံအနေနဲ့ ရုရှားကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ယုံကြည်နေပါတယ်။

“ သူတို့က သူတို့အရင်ကထက် တခြားရွေးချယ်စရာ နိုင်ငံရေး အခြေအနေတွေကို ပိုခက်ခက်ခဲခဲ တွေးနေမယ်ဆိုတာ သေချာပါတယ်။ အခုလောလောဆယ်တော့ သူတို့ရဲ့ချဉ်းကပ်ပုံကို ပြန်စဉ်းစားမယ့် အစား အဖြစ်အပျက်တွေကို အတတ်နိုင်ဆုံး လေ့လာသိရှိဖို့ ကြိုးစားမယ်လို့ ထင်ပါတယ်။” ဟု Small က ဆိုသည်။

Carnegie Russia Eurasia စင်တာ ၏ ဒါရိုက်တာ Alexander Gabuev က ရုရှားနိုင်ငံ၏ သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ် နှစ်ခုကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ပူတင်၏ စောစောစီးစီး ကျဆုံးခြင်းအား သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ ဤ [ပုန်ကန်မှု] သည် ပူတင်အတွက် ရှက်ဖွယ်ကောင်းသော ဖြစ်ရပ်ဖြစ်သည်” ဟု မကြာမီ အချိန်အတွင်း သမ္မတ ပြုတ်ကျသွားလိမ့်မည်ဟု မထင်သော Gabuev က ပြောကြားခဲ့သည်။

“ ရုရှားမှာ အခုအချိန်မှာ အစားထိုး နိုင်တဲ့အာဏာရှိသူတယောက်မှ မရှိဘူး၊ ဒါကြောင့်သူက တာဝန်ခံအနေနဲ့ပဲရှိနေလိမ့်မယ်။” Gabuev ကဆက်လက်ပြီး ပူတင်၏ လက်ရှိအားနည်းချက်သည်တရုတ်အတွက် ပိုမိုအားသာသည့် သြဇာအာဏာကိုပေးခဲ့သည်။

သမ္မတသည်မိမိ အိမ်တွင်း၌ အားနည်းနေပြီး တရုတ်-ရုရှားဆက်ဆံရေး တစ်ခုလုံးကို မဟာဗျူဟာမြောက် အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုမှ လမ်းညွှန်ပေးမည်ဖြစ်သောကြောင့် ပူတင်၏ လက်ရှိအားနည်းချက်ကြောင့် တရုတ်နိုင်ငံက ပိုမိုသြဇာလွှမ်းမိုးနိုင်လာစေသည်ဟု Gabuev က ပြောကြားခဲ့သည်။

ယူကရိန်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို၏ ကြီးကြပ်မှု ကော်မတီ အကြီးအကဲ ဘောဂဗေဒပညာရှင် Mark Savchuk က နျူလက်နက် တပ်ဆင်ထားသော ရုရှားသည် မတူညီသော နိုင်ငံငါးခုအဖြစ်သို့ပြိုကွဲသွား နိုင်သည်ဟု သတိပေးခဲ့သည်။ “ ရုရှားကို နိုင်ငံငယ်လေးငါးခုအဖြစ် ပြိုကွဲသွားတာဟာ အခုအချိန်မှာ တကယ့်ဖြစ်နိုင်ချေတစ်ခုပါ။

ဒီနေရာမှာ နျူကလီးယားလက်နက်တွေကို ဘယ်သူက ထိန်းချုပ်မှာလဲ၊ အနောက်နိုင်ငံတွေက ဘယ်သူတွေနဲ့ ညှိနှိုင်းမှာလဲ” လို့ Savchuk က ပြောပါတယ်။ ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် ယူကရိန်းတွင် ရှိနေသော နျူကလီးယားလက်နက်များကို မော်စကို၏ လုံခြုံရေးအာမခံချက်နှင့် ယူကရိန်း၏ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို မော်စကိုက လေးစားမည်ဆိုသည့်အတွက် တုံ့ပြန်သည့်အနေဖြင့် ၁၉၉၄ ခုနှစ် ဘူဒါပတ်စ် စာချွန်လွှာအရ ကမ္ဘာ့တတိယအကြီးဆုံး နျူကလီးယားလက်နက်တိုက်ကို စွန့်လွှတ်၍ရုရှားကိုပေးခဲ့သည်။

ထိုကဲ့သို့ပေးအပ်လိုက် ပြီးနောက် ယူကရိန်းတွင် ယနေ့ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မြင်တွေ့ရသောကြောင့် နိုင်ငံငယ်များသည် ၎င်းတို့၏နျူကလီးယားလက်နက်အသစ်များကို စွန့်လွှတ်မည်လားဆိုသည်ကို Savchuk က သံသယရှိသည်။

ပူတင်၏အားနည်းသောအခြေအနေကြောင့် တရုတ်က ထိုင်ဝမ်ကျွန်းကိုခွဲထွက်ရန် ကြိုးစားနေသည်ဟုရှုမြင်ထားပြီး အနာဂတ်တွင် သိမ်းပိုက်ရန် အလားအလာရှိသော ဘေဂျင်းကစဉ်းစားနေသည့် အခြေအနေကို ထိခိုက်စေမည်ဟု မျှော်လင့်ရသည်။ “ဒီအခြေအနေကြောင့်ထိုင်ဝမ်ကိုပြန်လည်ရယူရန်ဘီဂျင်းကလုပ်မည်ဆိုလျှင်တွက်ချက်မှုတွေအများကြီးပြုရမှာဖြစ်သည် အခုဆိုရင်သူတို့ကို ကြောထောက်နောက်ခံပြုပေးမဲ့ အင်အားကောင်းတဲ့မဟာမိတ်ရုရှားမှာမရှိတော့ဘူး” ဟု Savchuk ကိုဆိုသည်။

“တကယ်တော့ ပူတင်ရဲ့ အစိုးရဟာ တရုတ်နိုင်ငံက ခန့်မှန်းထားတာထက်တောင် အားနည်းနေပြီး အာဏာသိမ်းဖို့ ကြိုးပမ်းမှုဟာ ပူတင်ရဲ့ နိုင်ငံရေး နိဂုံးချုပ်မှုဖြစ်လာဖို့အတွက် မူလက ထင်ထားတာထက် အများကြီး နီးကပ်လာနိုင်ပါတယ်” ဟု ရုရှားနိုင်ငံသမိုင်းတလျှောက်လုံး ရုရှားခေါင်းဆောင် အာဏာရှင်များ ကျဆုံးသွားတဲ့အခါ အမြဲတမ်းပရမ်းပတာ ဖရိုဖရဲဖြစ်ပြီး သွေးထွက်သံယိုမှုများလည်း ဖြစ်တတ်သည်ဟု ယူကရိန်းအရာရှိက ပြောကြားခဲ့သည်။

ရုရှားကို ရာဇဝတ်ဂိုဏ်းတစ်ခုလို အုပ်ချုပ်နေပါတယ်၊ သူဌေးက အပြည့်အဝ ထိန်းချုပ်ထားတဲ့အခါ လူတိုင်းက သူ့အပေါ် သစ္စာစောင့်သိဖို့ ကတိပြုကြပါတယ်။

ဒါပေမယ့် အားနည်းချက် လက္ခဏာ ပေါ်လာတာနဲ့ “ သူတို့က သူဌေးကို သူတို့ကလိုက်တိုက်လိမ့်မယ်” “ ဒီလို ရုန်းကန်မှုတွေက ရာနဲ့ချီတဲ့ လူမျိုးစုအရေးနဲ့၊ လူနည်းစု ဘာသာရေးအုပ်စုတွေ အတွက် ရုရှားနိုင်ငံတဝှမ်းလုံးမှာ မတည်မငြိမ်ဖြစ်မှုကို မလွဲမသွေ ဖြစ်ပေါ်စေပါလိမ့်မယ်။ တရုတ်က အရင်ကတည်းက ရုရှားကို အားပျော့သွားစေချင်တယ်၊အခုဖြစ်လာနေပြီလေ၊ ဒါပေမယ့် တည်ငြိမ်ပြီး ကြိုတင်မှန်းဆနိုင်တာကိုလိုချင်တာပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။

Nikkei Asia ဂျွန် ၂၇ရက် သတင်းတွင်ပါသည့်။ “China fears Russia chaos after Wagner uprising” ကိုခေတ်မျက်လုံးမှ ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

မိုဒီ၏ပါတီသည် ၂၇ နှစ်အတွင်း အိန္ဒိယမြို့တော်တွင် ပထမဆုံးအကြိမ်အနိုင်ရပြီး အာဏာပြန်ရလာသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၉) ရက်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေလီမြို့တော်၌ စနေနေ့က ရွေးကောက်ပွဲတွင်
မြန်မာသတင်း အာရှ

မြန်မာမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၉)ရက်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက ထပ်မံတောင်းဆိုခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ခြေကျဉ်းခတ်ပြီး ရာဇဝတ်သားတွေကဲ့သို့ ဆက်ဆံခဲ့သည့် ထရန့်၏ ပြည်နှင်ဒဏ်ကြောင့် အိန္ဒိယ ဒေါသထွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇) ရက်။ အမေရိကန် တာဝန်ရှိသူတွေဟာ အိန္ဒိယရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ခန့်ကို အိန္ဒိယကို ပြန်လည်ပို့ဆောင်ရာမှာ စစ်သုံးလေယာဉ်ပေါ်မှာ နာရီ ၄၀ ကြာ စီးနင်းခဲ့ရချိန်မှာ ခြေကျဉ်းခတ်ထားပြီး အိမ်သာသွားချိန်အတွင်းပင် ဖြုတ်ပေးတာ မရှိဘူးလို့ သိရပါတယ်။
နိုင်ငံတကာသတင်း အာရှ

ဟွန်ဒါနှင့် နစ်ဆန်းတို့ ပေါင်းစည်းရေး ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် ရပ်စဲရန် ဆုံးဖြတ်မည်ဖြစ်သည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၇) ရက်။ ဂျပန်ထိပ်တန်း ကားကုမ္ပဏီ နှစ်ခု ဖြစ်ကြတဲ့ ဟွန်ဒါနှင့် နစ်ဆန်းတို့ဟာ သူတို့ရဲ့ လုပ်ငန်းပေါင်းစည်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြရာမှာ နစ်ဆန်းက ဟွန်ဒါရဲ့ လက်အောက်ခံကုမ္ပဏီအဖြစ် တည်ရှိရန် အဆိုပြုချက်ကို လက်မခံနိုင်တာကြောင့် လာမည့်အပတ်တွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အာရှ

လွတ်လာသော ၁၅ လအကြာထိန်းသိမ်းခံထားရသည့် ထိုင်းဓားစာခံ ၅ ဦးသည် ကျန်းမာရေးမျှတကောင်းမွန်ကြောင်း အစ္စရေးဆရာဝန်များ ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 22 Views
ဇန်နဝါရီလ (၃၁) ရက်။ ဂါဇာကမ်းမြှောင်တွင် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ထိုင်းဓားစာခံတစ်ဦး၏ မိခင်သည် ကြာသပတေးနေ့တွင် လွတ်မြောက်လာသောသားဖြစ်သူအား ဖေ့စ်ဘွတ်ခ် တိုက်ရိုက်ထုတ်လွှင့်မှုတွင် တွေ့မြင်ရသောအခါ အစပိုင်းတွင် သားဖြစ်သူသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့သည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်မှာ ခရီးသည်တင်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်နှင့် တိုက်မိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 26 Views
ဇန်နဝါရီလ (၃၀) ရက်။ ဇန်နဝါရီလ ၂၉ ရက် ဗုဒ္ဓဟူးနေ့ည ၉နာရီခန့်မှာ ဝါရှင်တန်၊ ရော်နယ်ရီဂင်လေဆိပ်ကို ခရီးသည်လေယာဉ်ဆင်းသက်စဉ် စစ်တရဟတ်ယာဉ်တစ်စီးနဲ့တိုက်မိပြီး နှစ်စီးစလုံး ပိုတိုမက်စ်မြစ်ထဲပျက်ကျသွားခဲ့ရပါတယ်။ အမေရိကန်လေကြောင်းလေယာဉ်နဲ့အတူ ခရီးသည် ၆၀ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာခဲ့ကြပြီး
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သည် စက်မှုလုပ်ငန်းများအပေါ် ထရန့် ၏အခွန်စည်းကြပ်ရန်ချိမ်းခြောက်မှုမှ အကူအညီပေးနိုင်ဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ဇန်နဝါရီလ (၂၉) ရက်။ ထိုင်ဝမ်အစိုးရသည် ဆီမီးကွန်ဒတ်တာများအပေါ် အခွန်စည်းကြပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုအပေါ် ၎င်း၏ ပြည်တွင်း စက်မှုလုပ်ငန်းကို ကူညီရန် ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ချိုဂျွန်းတိုင် (Cho Jung-tai) က ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်နိုင်ငံက အလိုရှိနေသည့် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် လောင်းကစားသူဌေးကြီးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲမှုကို ထိုင်းအစိုးရ ငြင်းဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
ဇန်နဝါရီလ (၂၈) ရက်။ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခံထားရသည့် အရှေ့တောင်အာရှတွင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် လောင်းကစားသူဌေးကြီးတစ်ဦးအားထိုင်းနိုင်ငံတွင် ဖမ်းဆီးချုပ် နှောင်ခံထားရစဥ် ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု စွပ်စွဲချက်ကို ထိုင်းနိုင်ငံမှ ငြင်းဆိုထားကြောင်း ထိုင်းနိုင်ငံတရားရေးဝန်ကြီးက အင်္ဂါနေ့တွင်