နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

လက်တင်အမေရိက

လက်တင်အမေရိက ဥရောပ

သမ္မတဟောင်း ဘားရက်အိုဘားမား အပါအဝင် အမေရိကန်နိုင်ငံသား ၅၀၀ ကို ရုရှားသို့ဝင်ရောက်ခွင့် ပိတ်ပင်။

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား (Barack Obama)၊ ညနှောင်းပိုင်း ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ စတီဖင်ကိုလ် ဘာ့ပ် (Stephen Colbert) နှင့် CNN မှ သတင်းတင်ဆက်သူ အဲရင်ဘားနက် (Erin Burnett) တို့သည် ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ခံထားရသော အမေရိကန် နိုင်ငံသား ၅၀၀ ထဲမှ အချို့ဖြစ်သည်။


ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ချမှတ်ထားသော ပုံမှန် ရုရှားဆန့်ကျင်ရေး ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ထင်ရှားသော အမေရိကန် အမှုဆောင် အရာရှိ အများအပြား အပါအဝင် “အမေရိကန်နိုင်ငံသား ၅၀၀” ကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို တားမြစ်ရန် ရုရှား နိုင်ငံခြားရေးဌာနက မေလ (၁၉) ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

အဆိုပါစာရင်းတွင် အိုဘားမား၊ အမေရိကန် သံအမတ်ဟောင်း ဂျွန် ဟန့်စ်မင်း (Jon Huntsman)၊ အမေရိကန် အထက်လွှတ်တော်အမတ် အများအပြားနှင့် ပူးတွဲ စစ်ဦးစီးချုပ်များ၏ ဥက္ကဋ္ဌဖြစ်လာမည့်သူဟု ခန့်မှန်းထားသည့် ချားလ် ကျုူ ဘရောင်းဂျူနီယာ (Charles Q. Brown Jr.) တို့ ပါဝင်သည်။ ရှည်လျားလှသည့်အမည်များစာရင်းတွင် အမေရိကန် ညနှောင်းပိုင်း ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ ဂျင်မီကင်မဲလ် (Jimmy Kimmel)၊ ကိုလ်ဘတ် (Colbert) နှင့် ဆက်မေယားစ် (Seth Meyers) တို့ လည်းပါဝင်သည်။

ကြေညာချက်တွင် လူစာရင်း ၅၀၀ ထဲတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ထောက်ခံသူ အများအပြားသည် လက်ရှိသမတဘိုင်ဒင်ကို သမ္မတအဖြစ် အသိအမှတ်ပြုခြင်းကို ရပ်တန့်ရန်အတွက် အမေရိကန်လွှတ်တော်ကို တိုက်ခိုက်ခဲ့ ကြသည်။ ထိုအကြမ်းဖက်တိုက်ခိုက်သူများကို ဖမ်းဆီးအရေးယူသည့်ကိစ္စတွင် တိုက်ရိုက်ပါဝင် လုပ်ဆောင်ခဲ့ကြသည့် အစိုးရနှင့် တရားဥပဒေ စိုးမိုးရေး အေဂျင်စီများတွင် ပါဝင်သူများလည်း ပိတ်ပင်ခံရသူများထဲတွင် ပါဝင်သည်။

သောကြာနေ့၏ စာရင်းတွင် CNN သတင်းတင်ဆက်သူ အဲရင်ဘားနက် ပါဝင်လာမှုသည် နောက်ဆုံးပြင်ဆင် ထည့်သွင်းခြင်းဖြစ်ပြီး ယခင်ထုတ်ပြန်ခဲ့သော ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများစာရင်းတွင် CNN ၏ နိုင်ငံတကာလုံခြုံရေးသတင်းထောက်ချုပ် Nick Paton Walsh, အကြီးတန်းကမ္ဘာလုံး ဆိုင်ရာရေးရာလေ့လာဆန်းစစ်သူ Bianna Golodryga နှင့် CNN ပံ့ပိုးကူညီသူ Timothy Naftali တို့ပါဝင်ခဲ့သည်။

စာရင်းကို “ အမေရိကန်နိုင်ငံသား ၅၀၀” ဟု တံဆိပ်ကပ်ထားသော်လည်း Paton Walsh သည် ဗြိတိသျှနိုင်ငံသားဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင်ရှိ ကြေညာချက် တစ်စောင်တွင် “ရုရှားအပေါ် ရန်လိုသော မည်သည့် တိုက်ခိုက်မှုကိုမဆို ရုရှားအနေနှင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာဖြစ်ကြောင်း၊ ဝါရှင်တန်အတွက် လေ့လာရန် အချိန်တန်ပြီ” ဟု ပြောကြားခဲ့သည်။

တစ်ဦးချင်းစီအပေါ် မည်သည့်အကြောင်းအရာကြောင့်ဟု သတ်မှတ်ဖော်ပြထားခြင်း သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုများသည် နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားခြင်းထက် ကျော်လွန်၍ မည်သို့ အရေးယူမည်ကိုမူ ရှင်းပြထားခြင်း မရှိပါ။

ထို့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ (Sergey Lavrov) ၏ ဧပြီလတွင်လာရောက်ခဲ့သော အမေရိကန်ခရီးစဉ်တွင် ပါဝင်သော ရုရှားသတင်းထောက်များကို ဗီဇာထုတ်ပေးရန် ပျက်ကွက်မှုကြောင့် ဖမ်းဆီးခံထားရသည့် အမေရိကန် သတင်းထောက် Evan Gershkovich ကို တွေ့ရန် အမေရိကန်ကောင်စစ်ဝန်ရုံးမှ ဝင်ရောက်ခွင့်တောင်းဆိုမှုကို ဆက်လက်ငြင်းဆိုထားကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 59 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏ အင်အား အကြီးဆုံး စစ်တပ်ကို တည်ဆောက်မည်ဟု ကတိပြုခဲ့သည် – ၎င်းသည် နှစ်ပေါင်းများစွာ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

အမေရိကန်နှင့် ဗင်နီဇွဲလား ပဋိပက္ခနှင့် ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 54 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် လက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် နေပြီး အဓိကအားဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် ဗင်နီဇွဲလားအစိုးရ အပြောင်းအလဲ တို့နှင့် ဆက်နွှယ်နေပါသည်။ အမေရိကန်နှင့် ဗင်နီဇွဲလားအကြား
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

ဗင်နီဇွဲလားက အမေရိကန်၏ အကြီးဆုံး စစ်သင်္ဘော ရောက်ရှိလာချိန်တွင် စစ်တပ်၏ ‘လှုပ်ရှားမှုကိုကြီးမားသည့်အတိုင်းအတာဖြင့်တပ်လှန့်’ ထားကြောင်းကို ကြေညာခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 57 Views
CNN- ၂၀၂၅ခုနှစ်၊  နိုဝင်ဘာလ ၁၃ရက် ဗင်နီဇွဲလားနိုင်ငံက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ အင်အား၊ လက်နက်များနှင့် စစ်ပစ္စည်းများကို “ အစုလိုက်အပြုံလိုက်ရွေ့ရှား စုရုံးလှုပ်ရှားမှုများ” ကို စတင်နေပြီဖြစ်ကြောင်း
နိုင်ငံတကာသတင်း လက်တင်အမေရိက

ဟာရီကိန်းမဲလီဆာ (Hurricane Melissa)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 78 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် ဟာရီကိန်းမဲလီဆာသည် ကာရစ်ဘီယံဒေသတွင် အလွန်ထင်ရှားပြီး ဆိုးရွားလှသည့် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့သည်။ အဓိကအချက်အလက်နှင့် ထိခိုက်မှုများ အဆင့်နှင့် အင်အား: ဟာရီကိန်းမဲလီဆာသည် ဂျမေကာနိုင်ငံသို့ ကုန်းတွင်းဝင်ရောက်စဉ်တွင် အဆင့် ၅ (Category 5)
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

“ယူကရိန်း၏ အနာဂတ်သည် ကျွန်ုပ်တို့၏ အနာဂတ်ပင်ဖြစ်သည်”ဟု- ရုရှားအပေါ် စီးပွားရေးဖိအား တိုးမြှင့်ရန် ဥရောပ၏ “လိုလားသူများ မဟာမိတ်အဖွဲ့” က ကတိပြု

  • 2025 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 122 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက် ဥရောပခေါင်းဆောင်များသည် ယူကရိန်းရှိ စစ်ပွဲကို အဆုံးသတ်ရန် မဟာဗျူဟာများ ဆွေးနွေးရန်အတွက် “လိုလားသူများ မဟာမိတ်အဖွဲ့” (Coalition of the Willing) ဟုခေါ် သော အဖွဲ့ဝင်များ လန်ဒန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး၊
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နှင့် ဆွေးနွေးပွဲများ “ မည်သည့်နေရာသို့မှ မရောက်ဟု” ပြောကြားရင်း ထရမ့်က ပိတ်ဆို့မှုအသစ်များ ချမှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 150 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် ယူကရိန်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် မော်စကိုအပေါ် ဖိအားပေးနိုင်ရေး ရည်ရွယ်ချက် ဖြင့် အမေရိကန်က ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ကြောင်း ကြေညာလိုက်သည်။