Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်

ဥရောပ

ဥရောပ

စပိန်အမျိုးသမီးကစားသမားကို နမ်းရှုတ်ခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဌကို ရုံးတင်စစ်ဆေးဖို့ ရာထူးမှရပ်စဲ

ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ အောင်ပွဲရစပိန်အသင်းက ကစားသမားတစ်ဦးဖြစ်တဲ့ ဂျင်းနီဟာမိုဆိုကို နှုတ်ခမ်းချင်းနမ်းရှုတ်ခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လူးဝစ်ရူဘီယာလက်စ်ကို စပိန်အားကစားကောင်စီက တာဝန်က ယာယီရပ်စဲလိုက်ပါတယ်။

စပိန်အမျိုးသမီးအသင်းဟာ အင်္ဂလန်အမျိုးသမီးအသင်းကို တစ်ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ရပြီးတဲ့နောက် အောင်ပွဲခံချိန်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရူဘီယာလက်စ်က စပိန်ကစားသမား ဂျင်းနီဟာမိုဆိုကို နှုတ်ခမ်းချင်း နမ်းရှုတ်ခဲ့တာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေနဲ့ အာဏာပိုင်အဖွဲ့အစည်းအပေါင်းများစွာက ဝေဖန်မှုတွေရှိနေခဲ့သလို ကာယကံရှင် ဟာမိုဆိုကလည်း သူ့အနေနဲ့ နမ်းဖို့ ခွင့်ပြုခဲ့တာမဟုတ်ဘူးလို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရူဘီယာလက်စ်ကတော့ ဖိအားတွေရှိနေပေမယ့် သူ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရူဘီယာလက်စ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးအသင်းက ရာထူးက မနှုတ်ထွက်မချင်း တခြားဘယ်ပွဲကိုမှ ကစားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။ နယ်ပယ်အသီးသီးက ဝေဖန်နေချိန်မှာ ဖီဖာကလည်း အဲဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့သလို စပိန်အစိုးရကိုယ်တိုင်က အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကာကွယ်ရေး “ Me too” လှုပ်ရှားမှုကို စတင်ပြီး ရူဘီယာလက်စ်ကို ခုံရုံးတင်စစ်ဆေးနိုင်ဖို့ ကြိုးပမ်းမှုတွေပြုလုပ်လာခဲ့ပါတယ်။

အခုနောက်ဆုံးမှာတော့ စပိန်အားကစားကောင်စီက ရူဘီယာလက်စ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာထူးက ယာယီရပ်စဲလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်အပေါ် စပိန်ကလပ်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကြိုဆိုကြောင်း အသင်းရဲ့လူမှုကွန်ရက်စာမျက်နာကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Era’sEye\SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်သည် အီးယူနှင့် ကုန်သွယ်မှု သဘောတူညီချက် ရရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 18 Views
အမေရိကန်နှင့် အီးယူတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုအတွက် မူဘောင်တစ်ခုသို့ ရောက်ရှိခဲ့ပြီး အမေရိကန်၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် လအတန်ကြာခဲ့သော အခြေတင်ဆွေးနွေးမှုကို အဆုံးသတ်ခဲ့သည်။ စကော့တလန်တွင် ဥရောပကော်မရှင်ဥက္ကဋ္ဌ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်သည်အပစ်အခတ်ရပ်စဲရေးလုပ်ရန်ရုရှားကိုပေးထားသည့်ရက်ကို တိုတောင်းပစ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 19 Views
ဇူလိုင်လ (၂၈) ရက်။ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်အဖြစ် ပူတင်ကို ၁၀ ရက်မှ ၁၂ ရက်အတွင်း လုပ်ရန်အချိန် ပေးထားကြောင်း
မြောက်ကိုရီးယား ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားတပ်ဖွဲ့တွေ အားကောင်းလာဖို့အတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၃၀၀၀၀ လောက် စေလွှတ်မယ်လို့ ယူကရိန်းအရာရှိတွေပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 47 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မြောက်ကိုးရီးယားသည် ယူကရိန်းနှင့် ရှေ့တန်းတလျှောက် ရုရှားအတွက် တိုက်ပွဲဝင်ပေး နေသည့် ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက်ကို သုံးဆတိုးကာ မော်စကိုကို ကူညီရန် နောက်ထပ် စစ်သား ၂၅,၀၀၀ မှ ၃၀,၀၀၀
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။ ထရန့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

“ ယူကရိန်းသည် ရုရှားပိုင်ဖြစ်သည်” ဟု ပူတင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 67 Views
ဆူမီကို သိမ်းပိုက်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ စိန့်ပီတာစဘတ်၊ ရုရှား၊ ဇွန် ၂၀ ရက် ရုရှားသမ္မတပူတင်က ရုရှားနှင့် ယူကရိန်းနိုင်ငံသားများသည် လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်း ၊ ထိုသဘောအရ ယူကရိန်းသည် ကျွန်ုပ်တို့ ရုရှားပိုင်သည်ဟု ပူတင်က ပြောဆိုခဲ့သည်။
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ပေးအပ်ရန် ကတိပြုထားသော ဒုံးကျည်အစင်း ၂၀,၀၀၀ ကို အမေရိကန်က လမ်းကြောင်းပြောင်း၍ အရှေ့အလယ်ပိုင်းသို့ ပို့လိုက်သည်ဟု ဇလန်းစကီးပြော

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 69 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ “ ရုရှားတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ အဲ့ဒီဒုံးကျည်တွေကို ကျွန်တော်တို့ ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်” ဟု ဇလန်းစကီး က ABC သို့ ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗလိုဒီမာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီပေးရေးသင်္ဘောကို အစ္စရေးက ကြားဖြတ်ဟန့်တားခဲ့ပြီး ဂရက်သာသွန်းဘာ့ဂ် (Greta Thunberg) နှင့် အခြားထင်ရှားသော တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 84 Views
၂၀၂၅ခုနှစ်၊ ဇွန် လ၈ရက် ဂရက်သာသွန်းဘာ့ဂ် နဲ့ တခြားထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေကို တင်ဆောင်လာတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေးသင်္ဘောတစ်စင်းကို အစ္စရေးက ကြားဖြတ် ဟန့်တားခဲ့ပြီး ရေယာဉ်ပေါ်တွင် ပါသူတွေကို ဖမ်းဆီးပြီး အစ္စရေးဆီ ခေါ်ဆောင်သွားပါတယ်။ ရက်ပေါင်း ၆၀၀
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တရားသူကြီးများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 66 Views
ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်ရာဇ၀တ်မှုများအတွက် ခုံရုံး၏ စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင်ရှိ တရားသူကြီးလေးဦး ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇွန်လ (၆) ရက်။ ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရာဇ၀တ်မှုများနှင့်