နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

ဥရောပ

ဥရောပ

ပထမပိုင်းသွင်းဂိုးတွေနဲ့ ကမ္ဘာ့ဖလားတတိယနေရာကို ခရိုအေးရှားသိမ်းပိုက်

ယနေ့ညရင်ဆိုင်ကစားသွားခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ ခရိုအေးရှားအသင်းက မော်ရိုကိုအသင်းကို ၂ -၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အုပ်စုပွဲစဉ်မှာ တွေ့ဆုံခဲ့တုန်းက ဂိုးမရှိသရေကျခဲ့ပေမယ့် အခုပွဲမှာတော့ နှစ်သင်းစလုံးတိုက်စစ်ဖွင့် ရင်ဆိုင်ကစားခဲ့ပြီး ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ တစ်ဂိုးစီသရေကျနေခဲ့တာပါ။


ခရိုအေးရှားအသင်းမှာ ပွဲထွက်လူစာရင်းထဲ မပါလာနိုင်ဘူးလို့ သတင်းထွက်ပေါ်ခဲ့တဲ့ အသင်းခေါင်း ဆောင် မိုဒရစ်နဲ့ နောက်ခံလူ ဗာဒီယိုတို့ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ ကရာမာရစ်နဲ့ လီဗာဂျာတို့ ဦးဆောင်ခဲ့ပါတယ်။ မော်ရိုကိုအသင်းကတော့ အခုပွဲမှာ တိုက်စစ်ဖွင့်ကစားဖို့အတွက် ဘူဖယ်၊ အန်နာဆရီ၊ ဇီယက်တို့နဲ့ ၄-၃-၃ ပုံစံ ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။


ပွဲအစ ၇ မိနစ်မှာပဲ ခရိုအေးရှားအသင်းရဲ့ ဖရီးကစ်ကနေ ပါရီဆစ် ခေါင်းတိုက်ချပေးတာကို နောက်ခံလူ ဗာဒီယိုက ခေါင်းတိုက်သွင်းယူခဲ့လို့ မော်ရိုကိုအသင်း ဦးဆောင်ဂိုးစပေးခဲ့ရပါတယ်။ ဒါပေမယ့် ၂ မိနစ်အကြာမှာပဲ မော်ရိုကိုခံစစ်မှူး ဒါရီက ဖရီးကစ်ကန်ချက်ကနေတစ်ဆင့် ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းယူခဲ့လို့ ပွဲအစ ၁၀ အတွင်းမှာပဲ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းမှာ ခရိုအေးရှားက တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး မော်ရိုကိုအသင်းကတော့ တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

ပထမပိုင်း ၄၂ မိနစ်မှာတော့ ခရိုအေးရှားတောင်ပံကစားသမား အော်ဆစ်က လီဗာဂျာရဲ့ ဖန်တီးပေးမှုကနေ မော်ရိုအသင်း ဘယ်ဘက်ဂိုးထောင့်ထဲကို လှလှကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။


ဒုတိယပိုင်းမှာ ခရိုအေးရှားက ပွဲကို ထိန်းကစားသွားခဲ့လို့ မော်ရိုကိုအသင်းအတွက် ချေပဂိုးထပ်ရဖို့ ခက်ခဲခဲ့သလို ရရှိတဲ့အခွင့်အရေးတချို့ကိုလည်း တိုက်စစ်မှူးတွေ အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ခရိုအေးရှားအသင်းက ၂-၁ ဂိုးရလဒ်နဲ့ပဲ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။


အဲဒီနိုင်ပွဲကြောင့် ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် တတိယနေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

Era’sEye |Sport News | World Cup 2022

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 21 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 28 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato)
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 88 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 97 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 108 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 136 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 92 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 102 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “