နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

ဥရောပ

ဥရောပ

ပထမပိုင်းသွင်းဂိုးတွေနဲ့ ကမ္ဘာ့ဖလားတတိယနေရာကို ခရိုအေးရှားသိမ်းပိုက်

ယနေ့ညရင်ဆိုင်ကစားသွားခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ ခရိုအေးရှားအသင်းက မော်ရိုကိုအသင်းကို ၂ -၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အုပ်စုပွဲစဉ်မှာ တွေ့ဆုံခဲ့တုန်းက ဂိုးမရှိသရေကျခဲ့ပေမယ့် အခုပွဲမှာတော့ နှစ်သင်းစလုံးတိုက်စစ်ဖွင့် ရင်ဆိုင်ကစားခဲ့ပြီး ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ တစ်ဂိုးစီသရေကျနေခဲ့တာပါ။


ခရိုအေးရှားအသင်းမှာ ပွဲထွက်လူစာရင်းထဲ မပါလာနိုင်ဘူးလို့ သတင်းထွက်ပေါ်ခဲ့တဲ့ အသင်းခေါင်း ဆောင် မိုဒရစ်နဲ့ နောက်ခံလူ ဗာဒီယိုတို့ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ ကရာမာရစ်နဲ့ လီဗာဂျာတို့ ဦးဆောင်ခဲ့ပါတယ်။ မော်ရိုကိုအသင်းကတော့ အခုပွဲမှာ တိုက်စစ်ဖွင့်ကစားဖို့အတွက် ဘူဖယ်၊ အန်နာဆရီ၊ ဇီယက်တို့နဲ့ ၄-၃-၃ ပုံစံ ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။


ပွဲအစ ၇ မိနစ်မှာပဲ ခရိုအေးရှားအသင်းရဲ့ ဖရီးကစ်ကနေ ပါရီဆစ် ခေါင်းတိုက်ချပေးတာကို နောက်ခံလူ ဗာဒီယိုက ခေါင်းတိုက်သွင်းယူခဲ့လို့ မော်ရိုကိုအသင်း ဦးဆောင်ဂိုးစပေးခဲ့ရပါတယ်။ ဒါပေမယ့် ၂ မိနစ်အကြာမှာပဲ မော်ရိုကိုခံစစ်မှူး ဒါရီက ဖရီးကစ်ကန်ချက်ကနေတစ်ဆင့် ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းယူခဲ့လို့ ပွဲအစ ၁၀ အတွင်းမှာပဲ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းမှာ ခရိုအေးရှားက တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး မော်ရိုကိုအသင်းကတော့ တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

ပထမပိုင်း ၄၂ မိနစ်မှာတော့ ခရိုအေးရှားတောင်ပံကစားသမား အော်ဆစ်က လီဗာဂျာရဲ့ ဖန်တီးပေးမှုကနေ မော်ရိုအသင်း ဘယ်ဘက်ဂိုးထောင့်ထဲကို လှလှကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။


ဒုတိယပိုင်းမှာ ခရိုအေးရှားက ပွဲကို ထိန်းကစားသွားခဲ့လို့ မော်ရိုကိုအသင်းအတွက် ချေပဂိုးထပ်ရဖို့ ခက်ခဲခဲ့သလို ရရှိတဲ့အခွင့်အရေးတချို့ကိုလည်း တိုက်စစ်မှူးတွေ အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ခရိုအေးရှားအသင်းက ၂-၁ ဂိုးရလဒ်နဲ့ပဲ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။


အဲဒီနိုင်ပွဲကြောင့် ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် တတိယနေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

Era’sEye |Sport News | World Cup 2022

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကျော်ပြင်သစ်ဘောလုံးကစားသမား အမ်ဘာပေ (Mbappe) ကို မုဒိမ်းမှု စွပ်စွဲချက်ဖြင့် ဆွီဒင်အစိုးရရှေ့နေများ စုံစမ်းစစ်ဆေးနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 13 Views
အောက်တိုဘာ (၁၅) ရက်။ ကမ္ဘာကျော် ပြင်သစ်ဘောလုံးအကျော်အမော် ကီလီယန်အမ်ဘာပေ (အသက် ၂၅ နှစ်)သည် ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းတွင် အမျိုးသမီးတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန် အာရှ ဥရောပ

တရုတ်နှင့် ရုရှားတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကဘာလဲ။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 1.30K Views
ဆောင်းပါးရှင် ဆိုင်မွန်း မက်ကာသီ ( Simone McCarthy) မှလေ့လာတင်ပြသည်။ စက်တင်ဘာလ (၁၇) ရက်/ဟောင်ကောင် CNN။ ပြီးခဲ့သော
နိုင်ငံတကာသတင်း ဥရောပ

အသက် ၂၂ နှစ်အရွယ် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခရက်စီဂက်သင် (Cressie Gethin) အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေမှုနှင့် မုဒိန်းကောင်၊ သူခိုးဓားပြများနှင့်တန်းတူ ထောင်ဒဏ်ချမှတ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 51 Views
စက်တင်ဘာလ (၁၄) ရက်၊ လန်ဒန်-CNN။ လက်ယာယိမ်းအကြမ်းဖက်သမားများသည် ပြီးခဲ့သည့်လက ယူကေ၏ နေရာအနှံ့အပြားတွင် လူမျိုးရေးခွဲခြားသည့်အကြမ်းဖက်မှုများဖြင့် လူ့အသိုင်းအဝိုင်းများကို တိုက်ခိုက်ခဲ့ချိန်တွင် အသက် ၂၂ နှစ်အရွယ် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခရက်စီဂက်သင် (Cressie Gethin) သည်
နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ထရန့်နှင့် ဟဲရစ်ကို ဝေဖန်ပြီး မဲဆန္ဒရှင်များသည် ‘မကောင်းမှုနှစ်ခုထဲမှ ပိုနည်းသည့် သူကို ရွေးချယ်ရမည်’ ဟု ပြောခဲ့သည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 51 Views
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သမ္မတရွေးကောက်ပွဲတွင် အမေရိကန်မဲဆန္ဒရှင်များ ရွေးချယ်ရမည့် ရွေးချယ်မှုသည် “မကောင်းမှုနှစ်ရပ်ထဲကနေ မကောင်းမှု ပိုနည်းတာကို ရွေးချယ်ဖို့” ဖြစ်သည်ဟု ဆိုသည်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ရေးမူဝါဒများနှင့် ဒုသမ္မတ ကာမလာဟဲရစ်၏ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ ထောက်ခံမှုတို့ကို
နိုင်ငံတကာသတင်း ဥရောပ

မီရှယ် ဘာနီရေ (Michel Barnier) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 57 Views
+++++++++++++++++++++++++++++++++++++++++++ စက်တင်ဘာလ (၆) ရက်၊ CNN သတင်း။ ဥရောပသမဂ္ဂ ၏ ဗြိတိသျှနှုတ်ထွက်မှု (Brexit) တွင် စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း မီရှယ် ဘာနီရေ (Michel Barnier) သည် ပြင်သစ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရကြောင်း
နိုင်ငံတကာသတင်း ဥရောပ

တယ်လီဂရမ်ကို စီအီးအို ဘီလျံနာ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်က ဖမ်းဆီးထား

  • 2024 ခုနှစ်၊ ဩဂုတ်လ 25 ရက်
  • 93 Views
+++++++++++++++++++++++++++++++++++++++++++ သြဂုတ်လ (၂၅) ရက်။ တယ်လီဂရမ်ကို တည်ထောင်သူနှင့် စီအီးအိုဖြစ်သည့် ဘီလျံနာ ပါဗယ်ဒူရော့ဗ်သည် စနေနေ့ညနေပိုင်းက ပါရီမြို့အပြင်ဘက်ရှိ Bourget လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ TF1 TV နှင့်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသည် ရုရှားနိုင်ငံ ကူစ် (Kursk) ဒေသတွင် အမေရိကန်၏ လေဟုန်စီး ပျံဝဲနိုင်သောဗုံးများကို အသုံးပြုခဲ့ပြီး ခါကိ့ဗ် (Kharkiv) ရှိ နယ်မြေအချို့ကို ပြန်လည်သိမ်းယူခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 24 ရက်
  • 44 Views
ကိ့ဗ်၊ ယူကရိန်း (AP) ယူကရိန်းစစ်တပ်က ရုရှား၏ ကူစ် (Kursk) ဒေသကို တိုက်ခိုက်ရန်အတွက် တိကျသော အမေရိကန်လေဟုန်စီး ပျံဝဲနိုင်သောဗုံးများကို အသုံးပြုခဲ့ကြောင်း၊ ၎င်းသည် နွေဦးရာသီကတည်းက ရုရှား၏ ထိုးစစ်ဆင်မှုအောက်တွင် ရှိခဲ့သည့် ယူကရိန်းအရှေ့ပိုင်း ခါကိ့ဗ်ဒေသရှိ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း၏တပ်များ ရှေ့တိုးချီတက်လာပြီး ရုရှားနိုင်ငံ ဆွတ်ဂျာ (Sudzha) မြို့ကို သိမ်းပိုက်ခဲ့ကြောင်းဇလန်းစကီးက ပြောကြားခဲ့သည်။

  • 2024 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 65 Views
သြဂုတ်လ ၁၆ ရက်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ၎င်း၏တပ်ဖွဲ့များသည် ရုရှားနိုင်ငံ ကူရွတ်စ်ခ် (Kursk) ဒေသသို့ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားမြို့ ဆွတ်ဂျာ (Sudzha) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင်