နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အဆုံးအထိ လျှို့ဝှက်ထားခဲ့သည့် သမ္မတ ဘိုင်ဒင်၏ သမိုင်းဝင် နှင့် အန္တရာယ်ကြီးမားသော ကိယက်ဗ်ခရီးစဉ်ကို လအတန်ကြာ စီစဉ်ခဲ့ရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ယူကရိန်းနိုင်ငံ ခရီးစဉ်သည် ၎င်း၏ လက်တဆုတ်စာ အနီးကပ်ဆုံးအရာရှိ ဝန်ထမ်းမျှနှင့်သာ လအတန်ကြာ လျှို့ဝှက်စွာ စီစဉ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအချိန်တွင် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ သွားရောက်ခြင်း၏ အရေးပါမှုကို ဤအနီးကပ်ဆုံးဝန်ထမ်းများက နားလည် သဘောပေါက်ခဲ့ကြသည်။

ရုရှားသည် လွန်ခဲ့သော တစ်နှစ်ခန့်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ ကြာသပတေးနေ့တွင် ယူကရိန်းသို့ လာရောက်စဉ် သမ္မတ ဂျိုးဘိုင်ဒင်က “တနှစ်ကြာပြီးတဲ့နောက် ကိယက်ဗ်က ရှင်သန်နေဆဲဖြစ်ပါတယ်” “ယူကရိန်းနိုင်ငံ ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒီမိုကရေစီလည်း ရှင်သန်နေဆဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးအချိန်ထိ လျှို့ဝှက်ထားခဲ့

အိမ်ဖြူတော်အရာရှိအချို့သည် သမ္မတဘိုင်ဒင် သွားရောက်မည့်အစီအစဉ်များကို လျှို့ဝှက်ထားရန် ထူးထူးခြားခြား ခြေ လှမ်းများ လုပ်ဆောင်ခဲ့ရသည်။ ခရီးစဉ်မစခင် သီတင်းပတ်များအတွင်း သမ္မတဘိုင်ဒင်ကိုယ်တိုင်နှင့် ၎င်း၏ အရင်းနှီးဆုံး ဝန်ထမ်းများက ယူကရိန်းသို့ သွားရန် ဖြစ်နိုင်ချေကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ ၎င်းတို့သည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး မစ္စတာဘိုင်ဒင်ကို ကိယက်ဗ်သို့ ရောက်ရှိသွားအောင် ပို့ဆောင်ခဲ့ကြသည်။

အိမ်ဖြူတော်အရာရှိ လက်တစ်ဆုပ်စာလောက်က ဤအစီအစဉ်က အလုပ်ဖြစ်မယ်ဟု ယုံကြည်ထားသော်လည်း ဝေဟင်ပိုင်နက်မရှိသည့် စစ်ပွဲဇုန်ထဲသို့ သမ္မတကို တွန်းပို့ရန် အလွန်စိုးရိမ်ခဲ့ကြသည်။

(၁၇) ရက်နေ့ ညနေပိုင်းက ဘဲဥပုံရုံး အစည်းအဝေး၌ အပြီးသတ် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်တွင် သမ္မတဘိုင်ဒင်က ယူကရိန်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။ ခရီးစဉ်စပြီးသည်နှင့် အမေရိကန် တာဝန်ရှိသူများက ခရီးစဉ်များနှင့်ပတ်သက်၍ ရုရှားအစိုးရအား အကြောင်းကြားခဲ့သည်။ သမ္မတဘိုင်ဒင်က ယူကရိန်းမြေပေါ်တွင် ရှိစဉ် ကြိုမမြင်နိုင်သော ဘေးအန္တရာယ် မဖြစ်စေရန် “ ပဋိပက္ခ ရှောင်ရှားရန် ” ရုရှားအစိုးရအား အသိပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသို့ ရထားဖြင့် (၁၀) နာရီ

သမ္မတဘိုင်ဒင်ကို တင်ဆောင်လာသည့် လေယာဉ်သည် ဂျာမနီရှိ အမေရိကန် စစ်စခန်းတစ်ခုတွင် ဆီဖြည့်ပြီး ပိုလန်သို့ ဆက်လက်ထွက်ခွာခဲ့သည်။ သမ္မတဘိုင်ဒင်သည် ယူကရိန်းနယ်စပ်အနီးရှိ Rzeszów တွင် ဆင်းသက်ခဲ့သည်။ လွန်ခဲ့သည့်နှစ် မတ်လက ယင်းမြို့သို့ ယူကရိန်းဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန်နှင့် ပိုလန်ရှိ အမေရိကန်စစ်တပ်၏လှုပ်ရှားမှုများကို ကြည့်ရှုရန် သွားရောက်ခဲ့သေးသည်။

လူဦးရေအနည်းငယ်သာပါသော အကြံပေးအဖွဲ့ငယ်နှင့် သမ္မတ၏ကိုယ်ရန်တော်တပ်ဖွဲ့ တို့နှင့်အတူ ကိယက်ဗ်သို့ ထွက်ခွာရန် ရထားပေါ်သို့ တက်ခဲ့သည်။ စစ်ဖြစ်နေသည့် နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်ရန် ၁၀ နာရီခန့် ရထားစီးခဲ့ရသည်။ သမ္မတ ဘိုင်ဒင်သည် ယမန်နှစ် မတ်လက Rzeszow မြို့သို့ ၎င်း၏ ခရီးစဉ်အတွင်း ယူကရိန်းသို့ သွားရောက်ရန် မျှော်လင့်ခဲ့သည်။ ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ နိုင်ငံခြားခေါင်းဆောင် အများအပြားသည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

အန္တရာယ်ကို တွက်ချက်ခြင်း။

ကိယက်ဗ်သို့ သွားရောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ လပေါင်းများစွာ သမ္မတဘိုင်ဒင် ရှင်းလင်းတင်ပြစဉ်အတွင်း သမ္မတသည် တစ်ကြိမ်သာ စိုးရိမ်ကြောင်း ပြသခဲ့သည်။ မိမိ၏ လုံခြုံရေးအတွက် စိုးရိမ်မှု မဟုတ်ဘဲ ဤခရီးစဉ်ကြောင့် အခြားသူများကို မည်မျှအန္တရာယ်ဖြစ်စေနိုင်သနည်းဆိုသည့်အကြောင်းကို ဖြစ်သည်။ သို့ရာတွင် အိမ်ဖြူတော် အရာရှိများသည် သမ္မတဘိုင်ဒင်၏ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ခဲ့ကြပြီး ခရီးစဉ်အတွက် အရေးပေါ် အစီအစဉ်များကို ဆက်တိုက်ပြင်ဆင်ခဲ့သည်။

“သမ္မတဘိုင်ဒင်ကိုယ်တိုင်က ဒီအန္တရာယ်ကို လိုလိုလားလား လက်ခံခဲ့ပါတယ်” “ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ယူကရိန်းကို သူရောက်အောင် သွားတယ်ဆိုတာက အရေးကြီးတယ်လို့ ယူဆတဲ့အတွက် သူ့ရဲ့အဖွဲ့ကို ဒီခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ အမိန့်ပေးခဲ့ပါတယ်” ဟု အိမ်ဖြူတော်ဆက်သွယ်ရေးဒါရိုက်တာ ကိတ်ဘက်ဒင်န်ဖီးလ် (Kate Bedingfield) က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်အစိုးရသည် ဥရောပကို ကြမ်းတမ်းသော စကားလုံးများ အသုံးပြု၍ စကားပြောဆိုခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 16 Views
သူတို့အချင်းချင်း သီးသန့်ပြောကြလျှင် ပို၍ကြမ်းတမ်းသည့် အသုံးအနှုန်းကို သုံးစွဲကြသည်။ ယီမင်ဟူသီများအပေါ် အမေရိကန်စစ်တပ်၏ ထိုးနှက်တိုက်ခိုက်မှုအကြောင်းကို ထရန့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ အချင်းချင်း အများသူငှာသုံးစွဲသည့်မက်ဆေ့ချ်
နိုင်ငံတကာသတင်း ဥရောပ

စစ်ပွဲကျရောက်မည့် အန္တရာယ်ကြောင့် ၃ ရက် (၇၂ နာရီ) စာ ရိက္ခာများကို သိုလှောင်ထားရန် နိုင်ငံသားများအား ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 9 Views
မတ်လ (၂၆) ရက်။ ဥရောပသမဂ္ဂ နိုင်ငံသားများသည် အကျပ်အတည်းဖြစ်ချိန်တွင် အနည်းဆုံး ၃ ရက် (၇၂ နာရီ) စာ
နိုင်ငံတကာသတင်း အမေရိကန်

ဥရောပမှာ EV ကား ဝယ်လိုအားတက်လာပေမယ့် တယ်စလာကားများ ရောင်းအားထိုးကျ

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 10 Views
+++++++++++++++++++++++++ အီလွန်မက်စ်ရဲ့ တယ်စလာကားရောင်းအားဟာ ဥရောပမှာ အခုနှစ် ပထမနှစ်လအတွင်း 49 ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ တယ်စလာလျှပ်စစ်ကားတွေရဲ့ မော်ဒယ်ဟာ သက်တမ်းအိုမင်းလာခြင်းနဲ့အတူ CEO အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ဆက်နွှယ်မှုအပေါ် တုံ့ပြန်မှုတွေကြောင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးလျှို့ဝှက်ချက်များကို မဂ္ဂဇင်းအယ်ဒီတာထံပေးပို့ခဲ့

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 27 Views
ထရန့်အစိုးရသည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးအစီအစဥ်များကို မဂ္ဂဇင်းအယ်ဒီတာထံ မည်သို့ ပေးပို့မိသည်ကို ပြန်လည်သုံးသပ်နေပါသည်။ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က The Atlantic သို့ စစ်‌ရေးသတင်းပေးပို့မှုနှင့် ပတ်သက်၍ ၎င်း၏ ပထမဆုံး လူသိရှင်ကြား မှတ်ချက်တွင် “
နိုင်ငံတကာသတင်း အမေရိကန်

အစမ်းခန့် ဖက်ဒရယ်ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန် တရားသူကြီး၏အမိန့်ကို ရပ်ဆိုင်းရန် ထရန့် အစိုးရက တရားရုံးချုပ်ကို တောင်းဆိုထားသည်။

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 16 Views
မတ်လ (၂၄) ရက်။ ဝါရှင်တန် (AP)။ ထရန့်အစိုးရက ဖက်ဒရယ်အစိုးရ အရွယ်အစားကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ထုတ်ပစ်မှုကို ရပ်ဆိုင်းပြီး ပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်မှုကို ဗဟိုတရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့
နိုင်ငံတကာသတင်း ဥရောပ

‘အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို မသင်ယူခဲ့ကြဘူး’ – အမေရိကန်ကုန်ပစ္စည်းတွေကို ဥရောပသားတွေ သပိတ်မှောက်

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 15 Views
မတ်လ (၂၄) ရက်။ မိုယာ အိုစူလေဗန် (Moya O’Sullivan) သည် သူမ၏ ဗီဒိုများကို ကြည့်လိုက်ရာ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ သူမ၏ ခရင်မ်ချိစ်၊ သွားတိုက်ဆေး၊ ခံတွင်းဆေး၊ ဝီစကီနှင့် အချိုရည်အားလုံးသည် အမေရိကန်ထုတ်ကုန်တွေ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က သူ့အစိုးရကို တရားစွဲမှုများ ပြုလုပ်သည့်ရှေ့နေများကို ‘သိမ်ဖျင်းသော’ ရှေ့နေများဟု ခေါ်ဆို၍ ပစ်မှတ်ထားတိုက်ခိုက်

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 14 Views
++++++++++++++++++++++ ဝေဖန်သူများက အဆိုပါလုပ်ဆောင်မှုကို “ သက်ဦးဆံပိုင်” “ အာဏာရှင်” နှင့် “ ကြောင်သူတော်” လုပ်ရပ်ဟု ခေါ်ဆိုခဲ့သည်။ ထရန့်၏ရှေ့နေများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရခဲ့သည်ဆိုသည့်အချက် အပါအဝင် မှားယွင်းသော တရားဥပဒေကြောင်းအရ ငြင်းခုံမှု
နိုင်ငံတကာသတင်း အမေရိကန်

ကာမလာဟဲရစ်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လုံခြုံရေးအချက်အလက်တွေနဲ့ချိတ်ဆက်ခွင့် ဒေါ်နယ်ထရန့် ရုပ်သိမ်း++++++++++++++++++++++++++++

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 17 Views
ကာမလာဲရစ်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ လုံခြုံရေးအချက်အလက်တွေနဲ့ချိတ်ဆက်ခွင့် ဒေါ်နယ်ထရန့် ရုပ်သိမ်း++++++++++++++++++++++++++++အမေရိကန်ဒုသမ္မတဟောင်းဖြစ်တဲ့ ကာမလာဲရစ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့အတွက် လုံခြုံရေးဆိုင်ရာအချက်အလက်တွေချိတ်ဆက်အသုံးပြုခွင့်ကို  သမ္မတဒေါ်နယ်ထရန့်က ရုပ်သိမ်းလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ထုတ်ပြန်တဲ့စာမှာ “အဲ့ဒီပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် စီမံပေးထားတဲ့ အရာတွေဟာ အမျိုးသားအကျိုးစီးပွားမဟုတ်တဲ့အတွက် ပြန်ရုပ်သိမ်းဖို့ ကျတော်ဆုံးဖြတ်လိုက်ပါတယ်”လို့ ဖော်ပြထားပါတယ်။ ဝါရှင်တန်မှာ တင်းမာမှုတွေနက်ရှိုင်းလာတာနဲ့အမျှ