နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အဆုံးအထိ လျှို့ဝှက်ထားခဲ့သည့် သမ္မတ ဘိုင်ဒင်၏ သမိုင်းဝင် နှင့် အန္တရာယ်ကြီးမားသော ကိယက်ဗ်ခရီးစဉ်ကို လအတန်ကြာ စီစဉ်ခဲ့ရ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ယူကရိန်းနိုင်ငံ ခရီးစဉ်သည် ၎င်း၏ လက်တဆုတ်စာ အနီးကပ်ဆုံးအရာရှိ ဝန်ထမ်းမျှနှင့်သာ လအတန်ကြာ လျှို့ဝှက်စွာ စီစဉ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအချိန်တွင် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ သွားရောက်ခြင်း၏ အရေးပါမှုကို ဤအနီးကပ်ဆုံးဝန်ထမ်းများက နားလည် သဘောပေါက်ခဲ့ကြသည်။

ရုရှားသည် လွန်ခဲ့သော တစ်နှစ်ခန့်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ ကြာသပတေးနေ့တွင် ယူကရိန်းသို့ လာရောက်စဉ် သမ္မတ ဂျိုးဘိုင်ဒင်က “တနှစ်ကြာပြီးတဲ့နောက် ကိယက်ဗ်က ရှင်သန်နေဆဲဖြစ်ပါတယ်” “ယူကရိန်းနိုင်ငံ ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒီမိုကရေစီလည်း ရှင်သန်နေဆဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးအချိန်ထိ လျှို့ဝှက်ထားခဲ့

အိမ်ဖြူတော်အရာရှိအချို့သည် သမ္မတဘိုင်ဒင် သွားရောက်မည့်အစီအစဉ်များကို လျှို့ဝှက်ထားရန် ထူးထူးခြားခြား ခြေ လှမ်းများ လုပ်ဆောင်ခဲ့ရသည်။ ခရီးစဉ်မစခင် သီတင်းပတ်များအတွင်း သမ္မတဘိုင်ဒင်ကိုယ်တိုင်နှင့် ၎င်း၏ အရင်းနှီးဆုံး ဝန်ထမ်းများက ယူကရိန်းသို့ သွားရန် ဖြစ်နိုင်ချေကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ ၎င်းတို့သည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး မစ္စတာဘိုင်ဒင်ကို ကိယက်ဗ်သို့ ရောက်ရှိသွားအောင် ပို့ဆောင်ခဲ့ကြသည်။

အိမ်ဖြူတော်အရာရှိ လက်တစ်ဆုပ်စာလောက်က ဤအစီအစဉ်က အလုပ်ဖြစ်မယ်ဟု ယုံကြည်ထားသော်လည်း ဝေဟင်ပိုင်နက်မရှိသည့် စစ်ပွဲဇုန်ထဲသို့ သမ္မတကို တွန်းပို့ရန် အလွန်စိုးရိမ်ခဲ့ကြသည်။

(၁၇) ရက်နေ့ ညနေပိုင်းက ဘဲဥပုံရုံး အစည်းအဝေး၌ အပြီးသတ် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်တွင် သမ္မတဘိုင်ဒင်က ယူကရိန်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။ ခရီးစဉ်စပြီးသည်နှင့် အမေရိကန် တာဝန်ရှိသူများက ခရီးစဉ်များနှင့်ပတ်သက်၍ ရုရှားအစိုးရအား အကြောင်းကြားခဲ့သည်။ သမ္မတဘိုင်ဒင်က ယူကရိန်းမြေပေါ်တွင် ရှိစဉ် ကြိုမမြင်နိုင်သော ဘေးအန္တရာယ် မဖြစ်စေရန် “ ပဋိပက္ခ ရှောင်ရှားရန် ” ရုရှားအစိုးရအား အသိပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသို့ ရထားဖြင့် (၁၀) နာရီ

သမ္မတဘိုင်ဒင်ကို တင်ဆောင်လာသည့် လေယာဉ်သည် ဂျာမနီရှိ အမေရိကန် စစ်စခန်းတစ်ခုတွင် ဆီဖြည့်ပြီး ပိုလန်သို့ ဆက်လက်ထွက်ခွာခဲ့သည်။ သမ္မတဘိုင်ဒင်သည် ယူကရိန်းနယ်စပ်အနီးရှိ Rzeszów တွင် ဆင်းသက်ခဲ့သည်။ လွန်ခဲ့သည့်နှစ် မတ်လက ယင်းမြို့သို့ ယူကရိန်းဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန်နှင့် ပိုလန်ရှိ အမေရိကန်စစ်တပ်၏လှုပ်ရှားမှုများကို ကြည့်ရှုရန် သွားရောက်ခဲ့သေးသည်။

လူဦးရေအနည်းငယ်သာပါသော အကြံပေးအဖွဲ့ငယ်နှင့် သမ္မတ၏ကိုယ်ရန်တော်တပ်ဖွဲ့ တို့နှင့်အတူ ကိယက်ဗ်သို့ ထွက်ခွာရန် ရထားပေါ်သို့ တက်ခဲ့သည်။ စစ်ဖြစ်နေသည့် နိုင်ငံအလယ်ပိုင်းသို့ ဝင်ရောက်ရန် ၁၀ နာရီခန့် ရထားစီးခဲ့ရသည်။ သမ္မတ ဘိုင်ဒင်သည် ယမန်နှစ် မတ်လက Rzeszow မြို့သို့ ၎င်း၏ ခရီးစဉ်အတွင်း ယူကရိန်းသို့ သွားရောက်ရန် မျှော်လင့်ခဲ့သည်။ ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ နိုင်ငံခြားခေါင်းဆောင် အများအပြားသည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

အန္တရာယ်ကို တွက်ချက်ခြင်း။

ကိယက်ဗ်သို့ သွားရောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ လပေါင်းများစွာ သမ္မတဘိုင်ဒင် ရှင်းလင်းတင်ပြစဉ်အတွင်း သမ္မတသည် တစ်ကြိမ်သာ စိုးရိမ်ကြောင်း ပြသခဲ့သည်။ မိမိ၏ လုံခြုံရေးအတွက် စိုးရိမ်မှု မဟုတ်ဘဲ ဤခရီးစဉ်ကြောင့် အခြားသူများကို မည်မျှအန္တရာယ်ဖြစ်စေနိုင်သနည်းဆိုသည့်အကြောင်းကို ဖြစ်သည်။ သို့ရာတွင် အိမ်ဖြူတော် အရာရှိများသည် သမ္မတဘိုင်ဒင်၏ လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ခဲ့ကြပြီး ခရီးစဉ်အတွက် အရေးပေါ် အစီအစဉ်များကို ဆက်တိုက်ပြင်ဆင်ခဲ့သည်။

“သမ္မတဘိုင်ဒင်ကိုယ်တိုင်က ဒီအန္တရာယ်ကို လိုလိုလားလား လက်ခံခဲ့ပါတယ်” “ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ယူကရိန်းကို သူရောက်အောင် သွားတယ်ဆိုတာက အရေးကြီးတယ်လို့ ယူဆတဲ့အတွက် သူ့ရဲ့အဖွဲ့ကို ဒီခရီးစဉ်ကို အကောင်အထည်ဖော်ဖို့ အမိန့်ပေးခဲ့ပါတယ်” ဟု အိမ်ဖြူတော်ဆက်သွယ်ရေးဒါရိုက်တာ ကိတ်ဘက်ဒင်န်ဖီးလ် (Kate Bedingfield) က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 61 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 67 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ် တာကာအီချီက သမိုင်းဝင် အပြတ်အသတ်အနိုင်ရရှိမှုဖြင့် အများစု အင်အားကို အထူးရယူနိုင်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 67 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက် ဂျပန်နိုင်ငံ၏ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီသည် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ သူမ ခေါင်းဆောင်မှုနေရာသို့ မရောက်ရှိမီ မကြာသေးမီနှစ်များအတွင်းက မဲဆန္ဒရှင်များ၏ ထောက်ခံမှု