နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

ဥရောပ

ဥရောပ

စပိန် အိမ်ရှေ့မင်းသမီး လီယွန်နော် ထီးနန်းဆက်ခံမှုအတွက် ကြိုတင်ပြင်ဆင်ရန် စစ်ရေးတွင် သုံးနှစ်ကြာ လေ့ကျင့်မှုခံယူ

စပိန် အိမ်ရှေ့မင်းသမီး လီယွန်နော် (၁၇) နှစ်သည် သူမ၏ အနာဂတ် ထီးနန်းဆက်ခံမှုအတွက် ပြင်ဆင်ရန် စစ်ရေးလေ့ကျင့်မှုတွင် သုံးနှစ်ကြာ စတင်မည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး မာဂါရိတာရော်ဘလက်စ် (Margarita Robles) က ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

“ ယနေ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးက စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုနှင့် အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်ရှေ့မင်းသမီးအား ပေးအပ်ရန် ရည်ရွယ်သည့် တော်ဝင်အမိန့်ကို အတည်ပြုခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီး ရော်ဘလက်စ်က ပြောကြားခဲ့သည်။

ဓာတ်ပုံ။ စပိန် အိမ်ရှေ့မင်းသမီး လီယွန်နော် /ဓာတ်ပုံမူပိုင်။ Carlos Alvarez/Getty Images

စပိန်ဘုရင် ဖိလစ် VI ၏ သမီးတော် နှစ်ဦးအနက် အကြီးဆုံး မင်းသမီး လီယွန်နော်သည် ထီးနန်းဆက်ခံသူဖြစ်ပြီး ဖခင် နန်းစွန့်လျှင် သို့မဟုတ် ကွယ်လွန်ပါက စစ်ဦးစီးချုပ် ဖြစ်လာမည်ဖြစ်သည်။ မင်းသမီး လီယွန်နော်သည် သူမ၏ဖခင်ကဲ့သို့ပင် စပိန်စစ်တပ်၊ ရေတပ်နှင့် လေတပ်သင်တန်းများသို့ တစ်နှစ်စီ တက်ရောက်မည်ဖြစ်သည်။

“အချိန်ကျလာတဲ့အခါ၊ အိမ်ရှေ့မင်းသမီးဟာ ကျွန်တော်တို့ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာမှာပါ” ဟု ရော်ဘလက်စ်က ပြောကြားခဲ့ပြီး “မကြာသေးမီနှစ်များအတွင်း အမျိုးသမီးများကို စစ်သား စုဆောင်းရန် ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မင်းသမီး လီယွန်နော်သည် လက်ရှိတက်ရောက်နေသည့် Wales ရှိ UWC Atlantic ကောလိပ်မှ ဘွဲ့ရပြီးနောက် သြဂုတ်လ သို့မဟုတ် စက်တင်ဘာလတွင် စစ်ရေးလေ့ကျင့်မှု စတင်မည် ဖြစ်သည်။

“ ကျွန်ုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ တော်ဝင်ဘဝရဲ့ မရှိမဖြစ် ခြေလှမ်းတစ်ခုပါ” ဟု ရော်ဘလက်စ်က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 25 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 60 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 107 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားသော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 87 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 107 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 99 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားက စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်ပြီးနောက် ယူကရိန်းတွင် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 83 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် တစ်ညတာလုံး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းရှိ အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း အရာရှိများက ပြောကြားခဲ့ပြီး၊ ရုရှားက စွမ်းအင်နှင့် စက်မှုလုပ်ငန်း