နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အာရှ ဥရောပ

ရုရှားတွင်ဝါဂနာ အုံကြွမှုအပြီး မငြိမ်မသက်မှုကို တရုတ်က စိုးရိမ်

ရုရှားတွင်ဝါဂနာ အုံကြွမှုအပြီး ရုရှားမငြိမ်မသက်မှုကို တရုတ်က စိုးရိမ်ကြောက်လန့်ခဲ့သည်။

အုံကြွမှုသည် ပူတင်အား အားပျော့စေခဲ့ပြီး နောက်ထပ် သောင်းကျန်းမှုများ ဖြစ်ပေါ်စေနိုင်သောကြောင့် ဘေဂျင်းအတွက် သတိပေး နှိုးဆော်လိုက်သလိုဖြစ်စေခဲ့သည်။

ဇွန်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကွာလာလမ်ပူ –

ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန်သည် လွန်ခဲ့သည့်လက ကိယက်ဗ်မြို့ရှိ စစ်အတွင်းကြွေလွင့်သွားသော သူရဲကောင်းများ အထိမ်းအမှတ် နံရံတွင် လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားတွင် ပါဝင်ရန် ငြင်းဆိုခဲ့သည်။

ထိုအခန်းအနားမျိုးကို နိုင်ငံခြားဧည့်သည်များ လာရောက်စဉ် ပြုလုပ်နေကြ အခန်းအနားတခုဖြစ်သည်။ ၎င်း၏ နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်တွင် ဘီဘီစီနှင့် အခြားမီဒီယာများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း အရပ်သားနှင့် စစ်သုံ့ပန်း ၁၀၀၀ ကျော် သေဆုံးခဲ့သည့် မြို့တော်အနီးရှိ ဘူချာ(Bucha) သို့ သွားရောက်လေ့လာမှုကဲ့သို့ သောလေ့လာမှုကိုလည်း ပစ်ပယ်ခဲ့သည်။ ယင်းအစား သူသည် ယူကရိန်း ထိပ်တန်းအရာရှိများနှင့် သမ္မတ ဗလာဒီမာဇလန်းစကီး တို့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက်သာ ဦးတည်သွားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့အာဏာကို ချုပ်ကိုင်ထားနိုင်မလားဆိုတာ တရုတ်က အဲဒီအချိန်က စိုးရိမ်နေပြီလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ယူကရိန်း အကြီးတန်းအရာရှိတဦးက Nikkei Asia ကို ပြောပါတယ်။

ယူကရိန်း၏ တန်ပြန်ထိုးစစ်၏ အကန့်အသတ်ဖြင့် အောင်မြင်မှုသည် ရုရှားတွင် မတည်မငြိမ်ဖြစ်မှုကို ဖြစ်စေနိုင်သောကြောင့် ကိဗ်သည် ၎င်း၏ တန်ပြန်ထိုးစစ်ကို မည်ကဲ့သို့ တွန်းအားပေးရန် စိတ်ပိုင်းဖြတ်ထားသည်ကို ကြည့်ရှုရန်အတွက် တရုတ်သံတမာန်လာရောက်သည့် ခရီးစဉ်သည် ကင်းထောက်မစ်ရှင် ခရီးစဉ်တစ်ခုဖြစ်ကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ စစ်တပ်၊ ချက်ချင်၊ ဝက်ဂနာ၊ FSB [ရုရှားဖက်ဒရယ်လုံခြုံရေးဌာန]တို့အကြားတိုက်ခိုက်မှုတွေဖြစ်ပြီးရုရှားမှာ အလုံးစုံသော ပရမ်းပတာ အခြေအနေ ဖြစ်လာနိုင်သည်။ ဤသည်မှာတရုတ်၏အကြီးမားဆုံးစိုးရိမ် ကြောက်ရွံ့မှုဖြစ်သည်။” ဝက်ဂနာ အရံလက်နက်ကိုင်အဖွဲ့၏ သီတင်းပတ်ကုန်က သူပုန်ထမှုကြောင့် တရုတ်နိုင်ငံ၏ စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဝက်ဂနာ ၏ ပုန်ကန်မှု၏ အခြေအနေတစ်ခုလုံးသည် “ တရုတ်အတွက် စိတ်ပျက်စရာဖြစ်နေသည်မှာ ထင်ရှားသည်” ဟု ဂျာမဏီ Marshall Fund ၏ Indo-Pacific အစီအစဉ်မှ အကြီးတန်းလေ့လာသူ အင်ဒရူး စမော်လ် က ပြောကြားခဲ့သည်။

“ ရုရှားပြည်တွင်းမငြိမ်မသက်မှုများသည် ပေကျင်းအတွက် အဆိုးရွားဆုံးဖြစ်နိုင်ချေရှိသော အခြေအနေများထဲမှ တစ်ခုဖြစ်နိုင်ပြီး မော်စကိုတွင် အာဏာ အပြောင်း အရွေ့များ(ပါဝါဒိုင်းနမစ်များ) အခြေအနေကို ကောင်းမွန်စွာ သိရှိ နားမလည် နိုင်မည့် စိုးရိမ်မှုများလည်းရှိလိမ့်မည်” ဟု “ No Limits: The Inside Story of China’s” ကို ရေးသားသူ Small က ပြောကြားခဲ့သည်။ လက်ရှိအချိန်မှာတော့ အနောက်နိုင်ငံတွေနဲ့ စစ်ဖြစ်တယ်။” Small က တရုတ်နိုင်ငံအနေနဲ့ ရုရှားကို ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ယုံကြည်နေပါတယ်။

“ သူတို့က သူတို့အရင်ကထက် တခြားရွေးချယ်စရာ နိုင်ငံရေး အခြေအနေတွေကို ပိုခက်ခက်ခဲခဲ တွေးနေမယ်ဆိုတာ သေချာပါတယ်။ အခုလောလောဆယ်တော့ သူတို့ရဲ့ချဉ်းကပ်ပုံကို ပြန်စဉ်းစားမယ့် အစား အဖြစ်အပျက်တွေကို အတတ်နိုင်ဆုံး လေ့လာသိရှိဖို့ ကြိုးစားမယ်လို့ ထင်ပါတယ်။” ဟု Small က ဆိုသည်။

Carnegie Russia Eurasia စင်တာ ၏ ဒါရိုက်တာ Alexander Gabuev က ရုရှားနိုင်ငံ၏ သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အဖြစ် ဆယ်စုနှစ် နှစ်ခုကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ပူတင်၏ စောစောစီးစီး ကျဆုံးခြင်းအား သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ ဤ [ပုန်ကန်မှု] သည် ပူတင်အတွက် ရှက်ဖွယ်ကောင်းသော ဖြစ်ရပ်ဖြစ်သည်” ဟု မကြာမီ အချိန်အတွင်း သမ္မတ ပြုတ်ကျသွားလိမ့်မည်ဟု မထင်သော Gabuev က ပြောကြားခဲ့သည်။

“ ရုရှားမှာ အခုအချိန်မှာ အစားထိုး နိုင်တဲ့အာဏာရှိသူတယောက်မှ မရှိဘူး၊ ဒါကြောင့်သူက တာဝန်ခံအနေနဲ့ပဲရှိနေလိမ့်မယ်။” Gabuev ကဆက်လက်ပြီး ပူတင်၏ လက်ရှိအားနည်းချက်သည်တရုတ်အတွက် ပိုမိုအားသာသည့် သြဇာအာဏာကိုပေးခဲ့သည်။

သမ္မတသည်မိမိ အိမ်တွင်း၌ အားနည်းနေပြီး တရုတ်-ရုရှားဆက်ဆံရေး တစ်ခုလုံးကို မဟာဗျူဟာမြောက် အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုမှ လမ်းညွှန်ပေးမည်ဖြစ်သောကြောင့် ပူတင်၏ လက်ရှိအားနည်းချက်ကြောင့် တရုတ်နိုင်ငံက ပိုမိုသြဇာလွှမ်းမိုးနိုင်လာစေသည်ဟု Gabuev က ပြောကြားခဲ့သည်။

ယူကရိန်း အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို၏ ကြီးကြပ်မှု ကော်မတီ အကြီးအကဲ ဘောဂဗေဒပညာရှင် Mark Savchuk က နျူလက်နက် တပ်ဆင်ထားသော ရုရှားသည် မတူညီသော နိုင်ငံငါးခုအဖြစ်သို့ပြိုကွဲသွား နိုင်သည်ဟု သတိပေးခဲ့သည်။ “ ရုရှားကို နိုင်ငံငယ်လေးငါးခုအဖြစ် ပြိုကွဲသွားတာဟာ အခုအချိန်မှာ တကယ့်ဖြစ်နိုင်ချေတစ်ခုပါ။

ဒီနေရာမှာ နျူကလီးယားလက်နက်တွေကို ဘယ်သူက ထိန်းချုပ်မှာလဲ၊ အနောက်နိုင်ငံတွေက ဘယ်သူတွေနဲ့ ညှိနှိုင်းမှာလဲ” လို့ Savchuk က ပြောပါတယ်။ ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် ယူကရိန်းတွင် ရှိနေသော နျူကလီးယားလက်နက်များကို မော်စကို၏ လုံခြုံရေးအာမခံချက်နှင့် ယူကရိန်း၏ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို မော်စကိုက လေးစားမည်ဆိုသည့်အတွက် တုံ့ပြန်သည့်အနေဖြင့် ၁၉၉၄ ခုနှစ် ဘူဒါပတ်စ် စာချွန်လွှာအရ ကမ္ဘာ့တတိယအကြီးဆုံး နျူကလီးယားလက်နက်တိုက်ကို စွန့်လွှတ်၍ရုရှားကိုပေးခဲ့သည်။

ထိုကဲ့သို့ပေးအပ်လိုက် ပြီးနောက် ယူကရိန်းတွင် ယနေ့ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မြင်တွေ့ရသောကြောင့် နိုင်ငံငယ်များသည် ၎င်းတို့၏နျူကလီးယားလက်နက်အသစ်များကို စွန့်လွှတ်မည်လားဆိုသည်ကို Savchuk က သံသယရှိသည်။

ပူတင်၏အားနည်းသောအခြေအနေကြောင့် တရုတ်က ထိုင်ဝမ်ကျွန်းကိုခွဲထွက်ရန် ကြိုးစားနေသည်ဟုရှုမြင်ထားပြီး အနာဂတ်တွင် သိမ်းပိုက်ရန် အလားအလာရှိသော ဘေဂျင်းကစဉ်းစားနေသည့် အခြေအနေကို ထိခိုက်စေမည်ဟု မျှော်လင့်ရသည်။ “ဒီအခြေအနေကြောင့်ထိုင်ဝမ်ကိုပြန်လည်ရယူရန်ဘီဂျင်းကလုပ်မည်ဆိုလျှင်တွက်ချက်မှုတွေအများကြီးပြုရမှာဖြစ်သည် အခုဆိုရင်သူတို့ကို ကြောထောက်နောက်ခံပြုပေးမဲ့ အင်အားကောင်းတဲ့မဟာမိတ်ရုရှားမှာမရှိတော့ဘူး” ဟု Savchuk ကိုဆိုသည်။

“တကယ်တော့ ပူတင်ရဲ့ အစိုးရဟာ တရုတ်နိုင်ငံက ခန့်မှန်းထားတာထက်တောင် အားနည်းနေပြီး အာဏာသိမ်းဖို့ ကြိုးပမ်းမှုဟာ ပူတင်ရဲ့ နိုင်ငံရေး နိဂုံးချုပ်မှုဖြစ်လာဖို့အတွက် မူလက ထင်ထားတာထက် အများကြီး နီးကပ်လာနိုင်ပါတယ်” ဟု ရုရှားနိုင်ငံသမိုင်းတလျှောက်လုံး ရုရှားခေါင်းဆောင် အာဏာရှင်များ ကျဆုံးသွားတဲ့အခါ အမြဲတမ်းပရမ်းပတာ ဖရိုဖရဲဖြစ်ပြီး သွေးထွက်သံယိုမှုများလည်း ဖြစ်တတ်သည်ဟု ယူကရိန်းအရာရှိက ပြောကြားခဲ့သည်။

ရုရှားကို ရာဇဝတ်ဂိုဏ်းတစ်ခုလို အုပ်ချုပ်နေပါတယ်၊ သူဌေးက အပြည့်အဝ ထိန်းချုပ်ထားတဲ့အခါ လူတိုင်းက သူ့အပေါ် သစ္စာစောင့်သိဖို့ ကတိပြုကြပါတယ်။

ဒါပေမယ့် အားနည်းချက် လက္ခဏာ ပေါ်လာတာနဲ့ “ သူတို့က သူဌေးကို သူတို့ကလိုက်တိုက်လိမ့်မယ်” “ ဒီလို ရုန်းကန်မှုတွေက ရာနဲ့ချီတဲ့ လူမျိုးစုအရေးနဲ့၊ လူနည်းစု ဘာသာရေးအုပ်စုတွေ အတွက် ရုရှားနိုင်ငံတဝှမ်းလုံးမှာ မတည်မငြိမ်ဖြစ်မှုကို မလွဲမသွေ ဖြစ်ပေါ်စေပါလိမ့်မယ်။ တရုတ်က အရင်ကတည်းက ရုရှားကို အားပျော့သွားစေချင်တယ်၊အခုဖြစ်လာနေပြီလေ၊ ဒါပေမယ့် တည်ငြိမ်ပြီး ကြိုတင်မှန်းဆနိုင်တာကိုလိုချင်တာပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။

Nikkei Asia ဂျွန် ၂၇ရက် သတင်းတွင်ပါသည့်။ “China fears Russia chaos after Wagner uprising” ကိုခေတ်မျက်လုံးမှ ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 65 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 67 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 69 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 94 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။